ခါင်းစဉ်(သို့) read more ကို နှိပ်ပါ
လူဟူ၍
ဖြစ်လာသည်နှင့်အမျှ သံသရာဝဲဂယက်၌ မျောပါပြီး သောကကို ရင်ဝယ်ပိုက်ထားရလေသောကြောင့် မိမိ၏ ဘ၀အတွက်တောင့်တမှုများ
ရှိလာကြသည်။ မိမိဘ၀အတွက် တောင့်တခြင်း (၄)မျိုးကို
တောင့်တမြဲဖြစ်ကြပါသည်။
၁။
အိမ်ယာတည်ထောင်လိုခြင်း
အိမ်ယာတည်ထောင်လိုခြင်းကို
"ကာမ" ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ လူတို့ သည် "ကာမ" အရ အထီးကျန် မနေလိုဘဲ ချစ်ရသောဇနီးနဲ့ နေလိုခြင်း၊ ချစ်ရသော
ခင်ပွန်းနဲ့ နေလိုခြင်း၊ ချစ်ရသော သားသမီးများနဲ့ နေလိုခြင်း၊ ချစ်ရသောအတိုင်းအ၀ိုင်းနဲ့ နေလိုခြင်း တို့ ဖြင့်
ပြည့်နက်နေကြသည်။ ထိုသို့ နေလိုသည့်အတိုင်း
နေရအောင်လည်း အမျိုးမျိုး အားထုတ်နေကြသည်ကို အားလုံးသိနိုင်ကြသည်။ ထိုသို့ အားထုတ်သော်လည်း
အားထုတ်သည့်အတိုင်း ဖြစ်ချင်မှဖြစ်နိုင်ကြပါသည်။
အကယ်၍ မဖြစ်လျှင်လည်း ဖြစ်လိမ့်နိုးနိုး
မျှော်လင့်ချက်များဖြင့်
မိမိဘ၀ ပျက်သုဉ်းမသွားစေရန် ဆက်၍ဆက်၍ ကြိုးစားနေကြရပါသည်။
၂။ စီးပွားဥစ္စာ
ပြည့်စုံလိုခြင်း
စီးပွားဥစ္စာ
ပြည့်စုံလိုခြင်းကို "အတ္တ" ဟူ၍ခေါ်ဆိုနိုင်ပါသည်။ လူသည် "အတ္တ" အရ ချို့ ချို့ ငဲ့ငဲ့ မနေလိုဘဲ မိမိ၏ ဘ၀အတွက် စီးပွားဥစ္စာနှင့် ပြည့်စုံစွာနေလိုကြသည်။ ပြည့်စုံလိုသည့်အတိုင်း
ပြည့်စုံနိုင်ရန် အမျိုးမျိုး အားထုတ်ကြပါသည်။ အကယ်၍ မပြည့်စုံသေးလျှင်လည်း
ပြည့်စုံအောင် ဆက်၍ဆက်၍ ထားထုတ်ကြပါသည်။ ပြည့်စုံသောသူများကလည်း
ပြည့်စုံသည်ထက် ပို၍ ပြည့်စုံအောင်
ဆက်လက်၍ အားထုတ်ကြပြန်သည်။ လူတို့ ၏ စိတ်အရ မြည်မျှပင် ပြည့်စုံစေကာမူ ဘ၀အတွက် ပြည့်စုံပြီဟူ၍ မရှိဘဲ
ပို၍ပြည့်စုံစေရန် အားထုတ်ကြပြန်သည်။ ထိုသို့ အားထုတ်သော်လည်း လူများ၏
တောင့်တချက်များက ပြည့်စုံသည်ဟူ၍ မရှိဘဲ အများအားဖြင့် လိုမြဲလိုနေသည်သာ
ဖြစ်တတ်ကြပါသည်။
၃။ ဓမ္မနှင့်အညီ
နေထိုင်လိုခြင်း
တတိယ တောင့်တချက်မှာ
ဓမ္မနှင့်အညီ ကျင့်သုံးနေထိုင်လိုခြင်း ဖြစ်သည်။ လူသည် လောက၌ "ကာမ" အရ အထီးကျန် မနေလိုဘဲ
ချစ်ရသောအတိုင်းအ၀ိုင်းနဲ့ နေထိုင်ရရုံဖြင့်လည်း
မပြီး။ "အတ္တ" အရ ချို့ ချို့ ငဲ့ငဲ့ မနေလိုဘဲ မိမိ၏ ဘ၀အတွက် စီးပွားဥစ္စာနှင့် ပြည့်စုံစွာနေထိုင်ရရုံဖြင့်လည်း မပြီး။ အမှန်အားဖြင့် "ဓမ္မ" နှင့်အညီ နေထိုင်ဖို
့လိုအပ်ပါသည်။ ထို့ ကြောင့် "ကာမ" အရ အိမ်ထောင်တည်ထောင်ရာ၌ ဖြစ်စေ၊ "အတ္တ" အရ
စီးပွာဥစ္စာ ရှာဖွေရာ၌ ဖြစ်စေ အဓမ္မနည်းများကို
သုံးချင်သုံးမည်ဖြစ်သော်လည်း မူရင်ဗီဇ ဓိတ်ဓါတ်အရ "ဓမ္မ" နှင့်အညီ နေထိုင်ကျင့်သုံးနိုင်အောင် အားထုတ်ခြင်းဖြစ်ပါသည်။
၎။ လွတ်လပ်စွာ
နေထိုင်လိုခြင်း
"ဓမ္မ" နှင့်အညီ
နေထိုင်ကျင့်သုံးနေထိုင်ရုံနှင့် မကျေနပ်သေးဘဲ လူတို့ သည် လွတ်လပ်မှုကို တောင့်တကြပြန်သည်။ ထိုသို့  လွတ်လပ်မှုကို
တောင့်တခြင်းကို "မောက္ခ" ဟု ခေါ်ဆိုပါသည်။
လူများသည် အသက်ရှင်နေပြီး ဘ၀ကိုတည်ဆောက်နေသမျှ ကာလပတ်လုံး ဤတောင့်တချက်များကို တောင့်တနေမည်သာ
ဖြစ်ကြပါသည်။ ဤတောင့်တချက် (၄)မျိုးမှာ ပုထုဇဉ်လူသားများ မကင်းနိုင်သော
တောင့်တချက်များသာ ဖြစ်ကြပါသည်။
- မိမိ၌ တည်ရှိပြီးသော အရာဝတ္ထုများကို မပျက်စီးရအောင် သိမ်းပိုက်ထားရန် တွန်းအားပေးသော တဏှာကို "ဘ၀တဏှာ" ဟုခေါ်ပါသည်။
- ဘ၀တဏှာအရ မိမိသိမ်းပိုက်ထားသော အရာဝတ္ထု၌လည်း ထာဝစဉ် ရောင့်ရဲကျေနပ်နိုင်သည်မဟုတ်။ တစ်ချိန်ချိန်၌ ထိုအရာများအပေါ် ငြီးငွေ့ လာပြီး အပြောင်းအလဲ လုပ်လိုပြန်သည်။ ထိုသို့ အပြာင်းအလဲလုပ်လိုသော တဏှာကို "၀ိဘ၀တဏှာ" ဟုခေါ်ဆိုပါသည်။
တဏှာရှိနေသရွေ့  မျှော်လင့်ချက် ရှိနေမည်။ မျှော်လင့်ချက်ရှိနေသ၍ ဘ၀လည်းရှိနေအုံးမည်။ ထို့ ကြောင့် ဘ၀ရှိနေသရွေ့  တဏှာလည်း ရှိနေမည်ဖြစ်သည်။ ကျွန်တော်တို့  မြတ်ဗုဒ္ဓသည် အလောင်းတော်အနေဖြင့် ဘ၀များစွာ သံသရာတစ်လျှောက်လုံး တဏှာကို ရှာခဲ့ သည်။ ထိုသို့  တဏှာကို တွေ့ အောင် ရှာခဲ့ သောကြောင့် ဘ၀အမျိုးမျိုး ဖြစ်ခဲ့ ရပါသည်။ ဘ၀အမျိုးမျိုးဖြင့် အကြိမ်များစွာ ဆင်းရဲဒုက္ခကို ခံစားရခြင်းဖြစ်ပါသည်။ နောက်ဆုံး၌ သဏှာကို တွေ့ ပြီး တဏှာ၏ စွမ်းအင်ကို ဖျက်ဆီးနိုင်ခဲ့ သည်။ ထို့ ကြောင့် နောက်ထပ် ဘ၀ကို မရတော့ဘဲ စစ်မှန်သော ချမ်းသာ အတုမဲ့ ချမ်းသာကို ရရှိခဲ့ ခြင်းဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအပေါင်းတို့ လည်း အတုမဲ့ ချမ်းသာကို ရနိုင်ကြပါစေ....................
အဆင်ပြေနိုင် ကြပါ စေ
0 comments :
Post a Comment