Tuesday, February 18, 2014

Music

This song is very simple and seriously

. watch here


Wednesday, February 5, 2014

ရိုးသား စွာ ထိုးထွင်းလေ့လာခြင်း (honest hacking) Book

This books is very useful for who is wanted improving computer, how to create blog, portect computer blogger ,ect . . . . . . . .. .  .if you can pass this book you know well computer ways teacher.   read more and download
  downlaod this book

Monday, February 3, 2014

ဘ၀ဟူသော အိမ် ကိုတည်ဆောက်ရာဝယ်....


ဘ၀ဟူသော အိမ် ကိုတည်ဆောက်ရာဝယ်....



အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့
ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး
သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ
ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို
နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။

အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ
အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့
နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး
ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့်
သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ
မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး
တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ
အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။
ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါ
သူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး
သတိမရှိနိုင်တော့ဘူး။




လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့
အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ
အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ
ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
"ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။"

ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။

ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့
ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ်
ဆောက်ပါ့မလား။

xxxxxxxx xxxxxxxx


ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့
ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား
ရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး
ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ
ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး
ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား
လုပ်မိကြမယ်ထင်တယ်။

တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို
ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို
တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့
အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့
အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။

ဒါကြောင့် ကျနော်တို့ ဥာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။
 
မန်းသူလေး မှ

တောင်းတခြင်


 ခါင်းစဉ်(သို့) read more ကို နှိပ်ပါ
လူဟူ၍ ဖြစ်လာသည်နှင့်အမျှ သံသရာဝဲဂယက်၌ မျောပါပြီး သောကကို ရင်ဝယ်ပိုက်ထားရလေသောကြောင့် မိမိ၏ ဘ၀အတွက်တောင့်တမှုများ ရှိလာကြသည်။ မိမိဘ၀အတွက် တောင့်တခြင်း (၄)မျိုးကို တောင့်တမြဲဖြစ်ကြပါသည်။

၁။ အိမ်ယာတည်ထောင်လိုခြင်း

အိမ်ယာတည်ထောင်လိုခြင်းကို "ကာမ" ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ လူတို့ သည် "ကာမ" အရ အထီးကျန် မနေလိုဘဲ ချစ်ရသောဇနီးနဲ့ နေလိုခြင်း၊ ချစ်ရသော ခင်ပွန်းနဲ့ နေလိုခြင်း၊ ချစ်ရသော သားသမီးများနဲ့ နေလိုခြင်း၊ ချစ်ရသောအတိုင်းအ၀ိုင်းနဲ့ နေလိုခြင်း တို့ ဖြင့် ပြည့်နက်နေကြသည်။ ထိုသို့ နေလိုသည့်အတိုင်း နေရအောင်လည်း အမျိုးမျိုး အားထုတ်နေကြသည်ကို အားလုံးသိနိုင်ကြသည်။ ထိုသို့ အားထုတ်သော်လည်း အားထုတ်သည့်အတိုင်း ဖြစ်ချင်မှဖြစ်နိုင်ကြပါသည်။ အကယ်၍ မဖြစ်လျှင်လည်း ဖြစ်လိမ့်နိုးနိုး မျှော်လင့်ချက်များဖြင့် မိမိဘ၀ ပျက်သုဉ်းမသွားစေရန် ဆက်၍ဆက်၍ ကြိုးစားနေကြရပါသည်။

၂။ စီးပွားဥစ္စာ ပြည့်စုံလိုခြင်း

စီးပွားဥစ္စာ ပြည့်စုံလိုခြင်းကို "အတ္တ" ဟူ၍ခေါ်ဆိုနိုင်ပါသည်။ လူသည် "အတ္တ" အရ ချို့ ချို့ ငဲ့ငဲ့ မနေလိုဘဲ မိမိ၏ ဘ၀အတွက် စီးပွားဥစ္စာနှင့် ပြည့်စုံစွာနေလိုကြသည်။ ပြည့်စုံလိုသည့်အတိုင်း ပြည့်စုံနိုင်ရန် အမျိုးမျိုး အားထုတ်ကြပါသည်။ အကယ်၍ မပြည့်စုံသေးလျှင်လည်း ပြည့်စုံအောင် ဆက်၍ဆက်၍ ထားထုတ်ကြပါသည်။ ပြည့်စုံသောသူများကလည်း ပြည့်စုံသည်ထက် ပို၍ ပြည့်စုံအောင် ဆက်လက်၍ အားထုတ်ကြပြန်သည်။ လူတို့ ၏ စိတ်အရ မြည်မျှပင် ပြည့်စုံစေကာမူ ဘ၀အတွက် ပြည့်စုံပြီဟူ၍ မရှိဘဲ ပို၍ပြည့်စုံစေရန် အားထုတ်ကြပြန်သည်။ ထိုသို့ အားထုတ်သော်လည်း လူများ၏ တောင့်တချက်များက ပြည့်စုံသည်ဟူ၍ မရှိဘဲ အများအားဖြင့် လိုမြဲလိုနေသည်သာ ဖြစ်တတ်ကြပါသည်။

၃။ ဓမ္မနှင့်အညီ နေထိုင်လိုခြင်း

တတိယ တောင့်တချက်မှာ ဓမ္မနှင့်အညီ ကျင့်သုံးနေထိုင်လိုခြင်း ဖြစ်သည်။ လူသည် လောက၌ "ကာမ" အရ အထီးကျန် မနေလိုဘဲ ချစ်ရသောအတိုင်းအ၀ိုင်းနဲ့ နေထိုင်ရရုံဖြင့်လည်း မပြီး။ "အတ္တ" အရ ချို့ ချို့ ငဲ့ငဲ့ မနေလိုဘဲ မိမိ၏ ဘ၀အတွက် စီးပွားဥစ္စာနှင့် ပြည့်စုံစွာနေထိုင်ရရုံဖြင့်လည်း မပြီး။ အမှန်အားဖြင့် "ဓမ္မ" နှင့်အညီ နေထိုင်ဖို့ လိုအပ်ပါသည်။ ထို့ ကြောင့် "ကာမ" အရ အိမ်ထောင်တည်ထောင်ရာ၌ ဖြစ်စေ၊ "အတ္တ" အရ စီးပွာဥစ္စာ ရှာဖွေရာ၌ ဖြစ်စေ အဓမ္မနည်းများကို သုံးချင်သုံးမည်ဖြစ်သော်လည်း မူရင်ဗီဇ ဓိတ်ဓါတ်အရ "ဓမ္မ" နှင့်အညီ နေထိုင်ကျင့်သုံးနိုင်အောင် အားထုတ်ခြင်းဖြစ်ပါသည်။

၎။ လွတ်လပ်စွာ နေထိုင်လိုခြင်း

"
ဓမ္မ" နှင့်အညီ နေထိုင်ကျင့်သုံးနေထိုင်ရုံနှင့် မကျေနပ်သေးဘဲ လူတို့ သည် လွတ်လပ်မှုကို တောင့်တကြပြန်သည်။ ထိုသို့  လွတ်လပ်မှုကို တောင့်တခြင်းကို "မောက္ခ" ဟု ခေါ်ဆိုပါသည်။ လူများသည် အသက်ရှင်နေပြီး ဘ၀ကိုတည်ဆောက်နေသမျှ ကာလပတ်လုံး ဤတောင့်တချက်များကို တောင့်တနေမည်သာ ဖြစ်ကြပါသည်။ ဤတောင့်တချက် (၄)မျိုးမှာ ပုထုဇဉ်လူသားများ မကင်းနိုင်သော တောင့်တချက်များသာ ဖြစ်ကြပါသည်။

- တဏှာဆိုသည်မှာ မရသေးသော အရာဝတ္ထုကို ရအောင် အားထုတ်ရန် တွန်းအားပေးသော အရာဖြစ်သည်။ ထိုအရာသည် မျှော်လင့်ချက်အပေါ်၌ အခြေခံခြင်းဖြစ်လျှင် ထိုမျှော်လင့်ချက်ကိုပင် "တဏှာ" ဟုခေါ်ဆိုနိုင်သည်။ ထိုကဲ့ သို့  တွန်းအားပေးသော တဏှာကို "ကာမတဏှာ" ဟုခေါ်ပါသည်။

-
မိမိ၌ တည်ရှိပြီးသော အရာဝတ္ထုများကို မပျက်စီးရအောင် သိမ်းပိုက်ထားရန် တွန်းအားပေးသော တဏှာကို "ဘ၀တဏှာ" ဟုခေါ်ပါသည်။

-
ဘ၀တဏှာအရ မိမိသိမ်းပိုက်ထားသော အရာဝတ္ထု၌လည်း ထာဝစဉ် ရောင့်ရဲကျေနပ်နိုင်သည်မဟုတ်။ တစ်ချိန်ချိန်၌ ထိုအရာများအပေါ် ငြီးငွေ့ လာပြီး အပြောင်းအလဲ လုပ်လိုပြန်သည်။ ထိုသို့ အပြာင်းအလဲလုပ်လိုသော တဏှာကို "၀ိဘ၀တဏှာ" ဟုခေါ်ဆိုပါသည်။

တဏှာရှိနေသရွေ့  မျှော်လင့်ချက် ရှိနေမည်။ မျှော်လင့်ချက်ရှိနေသ၍ ဘ၀လည်းရှိနေအုံးမည်။ ထို့ ကြောင့် ဘ၀ရှိနေသရွေ့  တဏှာလည်း ရှိနေမည်ဖြစ်သည်။ ကျွန်တော်တို့  မြတ်ဗုဒ္ဓသည် အလောင်းတော်အနေဖြင့် ဘ၀များစွာ သံသရာတစ်လျှောက်လုံး တဏှာကို ရှာခဲ့ သည်။ ထိုသို့  တဏှာကို တွေ့ အောင် ရှာခဲ့ သောကြောင့် ဘ၀အမျိုးမျိုး ဖြစ်ခဲ့ ရပါသည်။ ဘ၀အမျိုးမျိုးဖြင့် အကြိမ်များစွာ ဆင်းရဲဒုက္ခကို ခံစားရခြင်းဖြစ်ပါသည်။ နောက်ဆုံး၌ သဏှာကို တွေ့ ပြီး တဏှာ၏ စွမ်းအင်ကို ဖျက်ဆီးနိုင်ခဲ့ သည်။ ထို့ ကြောင့် နောက်ထပ် ဘ၀ကို မရတော့ဘဲ စစ်မှန်သော ချမ်းသာ အတုမဲ့ ချမ်းသာကို ရရှိခဲ့ ခြင်းဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအပေါင်းတို့ လည်း အတုမဲ့ ချမ်းသာကို ရနိုင်ကြပါစေ....................

အဆင်ပြေနိုင် ကြပါ စေ

"နေထိုင်တတ်ပါစေ"

ခေါင်းစဉ် ကို နှိပ် ပါ သို့မဟုတ် Read more ပေါ့ စမ်းကြည့်ပါ

ကံချင်းတူရင်
ဥာဏ်သာတဲ့သူက
အနိုင်ရတယ် ....

ဥာဏ်ချင်းတူရင်
ဝိရိယသာတဲ့သူက
အနိုင်ရတယ်...

 


 ေ
ဝိရိယချင်းတူရင်
စည်းကမ်းရှိသူက
အနိုင်ရတယ်....

စည်းကမ်းရှိတာချင်းတူရင်
စေတနာရှိသူက
အနိုင်ရတယ်...

စေတနာရှိတာချင်းတူရင်
ရိုးဖြောင့်သူက
အနိုင်ရတယ်...

ရိုးဖြောင့်တာချင်းတူရင်
အပြောချိုသူက
အနိုင်ရသွားတယ်....

အရှင်ဥာဏ၀ရ (သာပေါင်း)


မန်းသူလေး ဘလော့မှပြန်လှည်မျှဝေခြင်းဖြစ်ပါသည်။

Tuesday, January 28, 2014

ဘ၀အတွက် သိကောင်းစရာ

(၁) ဒဏ်ရာတစ်မျိုးကို ဝမ်းနည်းခြင်းလို့ ခေါ်သတဲ့.... မျက်တောင်က မျက်ရည်ဥရဲ့အလေးဒဏ်ကို မခံနိုင်တော့ဘဲ သာသာလေးထိလိုက်ရုံနဲ့တင် ကြွေကျသွားတဲ့ ဝမ်းနည်းခြင်းမျိုး... (၂) ရင်ထဲကအချစ်ကို သူကြားအောင် ထုတ်ဖော်ကြေညာပါ။ မနက်ဖြန်နဲ့မတော်တဆ ဘယ်အရာက အရင်ရောက်လာမယ်ဆိုတာကို သင်ဘယ်တော့မှ မသိနိုင်လို့ပါ။ (၃) လူဆိုးစစ်စစ်တွေက ကြောက်ဖို့မကောင်းပါ . . . .. ..         ဒီမှာ read more ကိုသွားနှိမ့်ပါ  download   ယူလိုက်